Pain in the Face (မျက်နှာတွင် ခံစားရသည့် နာကျင်မှုဝေဒနာများ)
11-May-2017အကျဉ်းရှင်းလင်းချက်
မျက်နှာ ခံစားရသည့် နာကျင်မှုဝေဒနာများဆိုသည်မှာ မျက်နှာ၏ မည်သည့် အစိတ်အပိုင်းတွင်မဆို နာကျင်ခြင်းကို ဆိုလိုပါသည်။ ခံတွင်းနှင့် မျက်လုံးများ နာကျင်ခြင်းများလည်း အကျုံးဝင်ပါသည်။
လက္ခဏာများ
- မျက်နှာတွင် နာကျင်မှု ခံစားခြင်းသည် အဓိကဖြစ်ပြီး အခြားလဏ္ခာများမှာ ဖြစ်ပွားရသည့် အကြောင်းအရင်းပေါ် မူတည်ပါသည်။
ဖြစ်ပွားရသော အကြောင်းရင်းများ
- ပါးစပ်ထဲ ပိုးဝင်ခြင်း၊
- မျက်နှာတွင် အနာပေါက်ခြင်း၊
- အရေပြားအောက်တွင် ပိုးဝင်ခြင်း ၊ ပြည်တည်ခြင်း၊
- ခေါင်းကိုက်ခြင်း
- မျက်နှာထိခိုက်ဒဏ်ရာ ရခြင်း
- သွားကိုက်ခြင်း
- အခြားအကြောင်းအရင်း( ထိပ်ကပ်နာရောဂါ ၊ နှာခေါင်းရိုးစောင်းခြင်း ၊ TM jiont disorder ၊ တံတွေး ဂလန်း ပိုးဝင်ခြင်း ၊ နားထင် သွေးကြော ရောင်ခြင်း ၊ ပါးချိတ်ရောင်ခြင်း ၊ ရေတိ်မ်ဖြစ်ခြင်း ၊ Multiple sclerosis ၊ ရေယုံပေါက်ခြင်း ၊ trigerminal neuralgia ၊ အာရုံကြောရောဂါ ) များကြောင့်လည်း ဖြစ်နိုင်ပါသည်။ မျက်နှာတွင်မည်သူမဆိုဖြစ်နိုင်ပါသည်။
နောက်ဆက်တွဲ ပြဿနာများ
ဖြစ်ပွားရသည့် အကြောင်းအရင်းပေါ်မူတည်ပါသည်။
- ခေါင်းကိုက်ခြင်း၊
- သွေးဆိပ်တက်ခြင်း ( ပိုးဝင်ခြင်းကြောင့် ဖြစ်လျှင်) ၊
ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ
- မျက်နှာတွင် ခံစားရသော နာကျင်ခြင်းနှင့်အတူ ရင်ဘတ် ကျော လည်ပင်း လက်မောင်းများ နာကျင်လာခြင်း ၊ ဖျားနာခြင်း ၊ နာကျင်မှု ပိုဆိုးလာခြင်း ၊ ခန္ဓာကိုယ် အလေးချိန်ကျသွားခြင်း ၊ မျက်နှာပေါ်ရှိ အာရုံကြော အားနည်းခြင်း ၊ မျက်နှာရောင်ရမ်းလာခြင်း ၊ မျက်နှာတွင် အနီစက်များထွက်လာခြင်း ၊ မျက်စိအမြင် ဝေဝါးလာခြင်း ၊ အကြားအာရုံ ပျောက်ဆုံးသွားခြင်း ၊ နားအူခြင်း ၊ ချာချာလည်အောင် ခေါင်းမူးနေခြင်း
စစ်ဆေးမှုများ
- မျက်နှာနှင့် ဦးခေါင်းကို ဓာတ်မှန်ရိုက်ခြင်း ၊
- သံလိုက် ဓာတ်မှန်ရိုက်ခြင်း၊
- သွားဓာတ်မှန် ရိုက်ခြင်း၊
- ECG ဆွဲခြင်း၊
ကုသခြင်း
မျက်နှာ ခံစားရသော နာကျင်ခြင်းကို ဖြစ်စေသော အကြာင်းအရာများပေါ်မူတည်ပြီး ကုသမှုများလည်း ကွဲပြားနိုင်ပါတယ်။
အနာသက်သာဆေး (Painkillers)
- Paracetamol, Ibuprofen, Aspirin စသော ဆေးများကို ဆရာဝန်က ညွှန်ကြားနိုင်သည်။
- (သတိပြုရန်မှာ တခါတရံ အနာသက်သာဆေးများကြောင့်လည်း ခေါင်းကိုက်တတ်သည်) ထိုအခါမျိုးတွင် ဆရာဝန်က သင့်အား ဆေးများရပ်ရန် ညွှန်ကြားနိုင်သည်။
- နာကျင်သည့် နေရာကို ရေနွေးအိတ် (သို့) ရေအေးဖြင့် ကပ်ပေးခြင်း
- သွားကိုက်ခြင်းကြောင့် ဖြစ်လျှင် သွားဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ။
Ref : Mayo Clinic
Translated by Dr May Hnin Phyu